Myanmar Campaign Network Demands Action on Australian Involvement in Myanmar’s Mining Sector Amid Junta Atrocities

Burmese translation below မြန်မာဘာသာပြန်ဆိုချက်ကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။

MEDIA STATEMENT

30 January 2024

Myanmar Campaign Network Demands Action on Australian Involvement in Myanmar’s Mining Sector Amid Junta Atrocities

The Myanmar Campaign Network, in light of the alarming findings that Australian-owned and led companies are providing direct and indirect support to the military junta through the mining sector, calls for immediate Australian sanctions on Myanmar’s mining sector. This action is urged on the third anniversary of the illegal military coup, specifically targeting the full network of individuals and entities involved in the sector. 

The “Mines Against Humanity” report by Justice For Myanmar exposes 10 Australian-affiliated companies that have maintained operations in Myanmar even after the 2021 coup attempt. Their continued presence supports the junta through shared profits and tax contributions, and provides essential services that keep the mining sector active.

The mining sector and other natural resources in Myanmar are a financial lifeline for the military junta, with all state-owned enterprises and their bank accounts under the junta since the unlawful coup. By continuing operations, Australian entities not only may be contributing to the junta’s campaign of terror but are also violating international standards on responsible business conduct. 

As this sombre anniversary approaches, MCN urges the Australian Government to take a firm stand against Myanmar’s military junta and call for targeted sanctions on the full network of individuals and entities in the mining sector, including the Ministry of Natural Resources and Environmental Conservation (MONREC) and major enterprises No. 1 Mining Enterprise (ME1), No. 2 Mining Enterprise (ME2) and Myanma Gems Enterprise (MGE). MCN is also calling for sanctions on other key individuals and entities such as the Department of Mines (DoM), the Department of Geological Survey and Mineral Exploration (DGSE), and the Environmental Conservation Department (ECD).

Beyond mining, MCN also calls for sanctions on other revenue-rich sectors under junta control, including oil and gas, timber, pearls, gems, and petrochemicals, to cut the junta’s foreign income sources. This includes Myanma Oil and Gas Enterprise (MOGE), Myanma Timber Enterprise (MTE), Myanmar Pearl Enterprise (MPE), and Myanma Petrochemical Enterprise (MPE).

Tasneem Roc, Campaign Manager of the Myanmar Campaign Network, said, “Three years post-coup, and the junta’s atrocities in Myanmar continue, funded largely by its mining enterprises. It is devastating that Australian owned and led companies are continuing to operate in the Myanmar sector under the savage regime. Sanctioning these state-owned enterprises isn’t just a diplomatic move; it’s a moral imperative. We can no longer be silent partners to this regime’s brutality.”

Mia Pepper, National Director, Publish What You Pay Australia, said, “There is growing evidence Australian companies are failing in human rights due diligence in Myanmar and the Australian Government is missing in action. With ongoing atrocities in Myanmar facilitated and funded by mining we strongly urge the Australian government to impose sanctions and review Australian business links to the Myanmar junta.”

Clancy Moore, CEO, Transparency International Australia said, “Myanmar scores just 23/100 on Transparency International’s Corruption Perceptions Index and is a very risky place for Australian linked mining companies to do business. Since the coup, the Australian government has only sanctioned 16 individuals and 2 economic entities linked to the military in comparison with the US, UK, EU and Canada introducing sanctions on 390 individuals and entities.”

Media Contact:

Tasneem Roc

Myanmar Campaign Network

troc@apheda.org.au

+61 2 8203 6044

သတင်းထုတ်ပြန်ချက်

၂၀၂၄ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့

အကြမ်းဖက်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကြား မြန်မာ့သတ္တုတွင်းလုပ်ငန်းကဏ္ဍတွင် သြစတြေးလျ ပါဝင်ပတ်သပ်နေမှုအပေါ် အရေးယူပေးရန်  Myanmar Campaign Networkမှ တောင်းဆို

သြစတြေးလျပိုင်နှင့်  ၄င်းတို့ဦးဆောင်သောကုမ္ပဏီများသည် သတ္တုတွင်းတူးဖော်ခြင်းလုပ်ငန်းကဏ္ဍမှတစ်ဆင့် စစ်အာဏာရှင်တို့အား တိုက်ရိုက်နှင့် သွယ်ဝိုက်သောနည်းဖြင့် ပံ့ပိုးပေးနေသည့် တုန်လှုပ်ခြောက်ခြားဖွယ်ရာ တွေ့ရှိချက်များအတွက် Myanmar Campaign Network မှ မြန်မာနိုင်ငံ သတ္တုတွင်းလုပ်ငန်းကဏ္ဍအပေါ် သြစတြေးလျမှ ပိတ်ဆို့အရေးယူမှုများ ချက်ချင်းဆောင်ရွက်ရန် တောင်းဆိုထားသည်။ အဆိုပါ လုပ်ဆောင်ချက်သည် တရားမဝင် စစ်တပ်အာဏာသိမ်းမှု သုံးနှစ်မြောက် နှစ်ပတ်လည်နေ့တွင်၊ အထူးသဖြင့် ထိုလုပ်ငန်းကဏ္ဍတွင် ပါဝင်သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အပြည့်အစုံကို ပစ်မှတ်ထားရန် တိုက်တွန်းထားသည်။

Justice For Myanmar မှထုတ်ပြန်သော “လူသားမျိုးနွယ်အပေါ်  ကျူးလွန်သည့် သတ္တုမိုင်းများ” အစီရင်ခံစာသည် 2021 ခုနှစ် အာဏာသိမ်းရန် ကြိုးပမ်းမှုအပြီးတွင်ပင် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေသော သြစတြေးလျနှင့် ဆက်စပ်ကုမ္ပဏီ ၁၀ ခုကို ဖော်ထုတ်ထားသည်။ ၎င်းတို့၏ ဆက်လက်တည်ရှိမှုသည် အမြတ်အစွန်းနှင့် အခွန်ဆိုင်ရာ မျှဝေမှုများမှတစ်ဆင့် အကြမ်းဖက်စစ်တပ်အား ပံ့ပိုးကူညီပြီး သတ္တုတွင်းလုပ်ငန်းကဏ္ဍကို ဆက်လက်လည်ပတ်စေမည့် မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများကို ပံ့ပိုးပေးပါသည်။

မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ရေးလုပ်ငန်းကဏ္ဍနှင့် အခြားသော သဘာဝသယံဇာတများသည် အကြမ်းဖက်စစ်တပ်မှတရားမ၀င် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများနှင့် ၎င်းတို့၏ ဘဏ်စာရင်းများသည်  စစ်တပ်၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး အာဏာသိမ်းစစ်တပ်အတွက် ဘဏ္ဍာရေး အသက်သွေးကြောဖြစ်သည်။ ထိုသို့သော လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခြင်းဖြင့် သြစတြေးလျအဖွဲ့အစည်းများသည် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်ကူညီရုံသာမက တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆိုင်ရာ နိုင်ငံတကာစံနှုန်းများကိုလည်း ချိုးဖောက်ရာရောက်ပါသည်။

ဤအမှောင်ထုသို့ကျရောက်သော နှစ်ပတ်လည်နေ့ နီးကပ်လာသည်နှင့်အမျှ MCN သည် သြစတြေးလျ အစိုးရမှအကြမ်းဖက်မြန်မာစစ်အတပ်အား ပြတ်ပြတ်သားသားဆန့်ကျင်ရန် တိုက်တွန်းပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (MONREC) အပါအဝင် သတ္တုတွင်းလုပ်ငန်းကဏ္ဍရှိ လူတစ်ဦးချင်းနှင့် အဖွဲ့အစည်းများ အပြည့်အ၀ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း ((ME1) နှင့် အမှတ် ၂ သတ္တုတွင်းလုပ်ငန်း (ME2) နှင့် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း (MGE) တို့ဖြစ်သည်။ MCN သည် သတ္တုတွင်းဌာန (DoM)၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဌာန (DGSE) နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန (ECD) ကဲ့သို့သော အဓိကပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန်လည်း တောင်းဆိုထားသည်။

သတ္တုတူးဖော်ခြင်းလုပ်ငန်းအပြင် MCN သည် အကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားဝင်ငွေ အရင်းအမြစ်များကို ဖြတ်တောက်ရန် ၄င်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သစ်၊ ပုလဲ၊ ကျောက်မျက်ရတနာနှင့် ရေနံဓာတုပစ္စည်းများ အပါအဝင် အခြားသော ဝင်ငွေကြွယ်ဝသော လုပ်ငန်းကဏ္ဍများကို ပိတ်ဆို့အရေးယူပေးရန်နှင့် တောင်းဆိုထားသည်။ ၎င်းတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့သစ်လုပ်ငန်း (MTE)၊ မြန်မာ့ပုလဲလုပ်ငန်း (MPE) နှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE) တို့လည်း ပါဝင်သည်။

Myanmar Campaign Network မှ Campaign Manager, Tasneem Roc က “အာဏာသိမ်းပြီး သုံးနှစ်ကြာပြီး မြန်မာနိုင်ငံမှာ ၎င်း၏ သတ္တုတူးဖော်ရေး လုပ်ငန်းများမှ ငွေကြေးထောက်ပံ့မှုတွေကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဆက်လက်ဖြစ်ပေါ်နေပါတယ်။ ဒီအကြမ်းဖက်စစ်တပ်မှ ထိန်းချုပ်ထားသော နိင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့အရေးယူတာဟာ သံတမန်ရေးရာ လှုပ်ရှားမှုတစ်ခု မဟုတ်ဘဲ ကိုယ်ကျင့်တရားဆိုင်ရာ လိုအပ်ချက်ဖြစ်ပါတယ်။ ကျွန်ုပ်တို့က ဒီစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် အသံတိတ် လက်တွဲဖော်မဖြစ်နိုင်တော့ပါဘူး။”

Publish What You Pay Australia မှ National Director, Mia Pepper က “ သြစတြေးလျနိုင်ငံမှ ကုမ္ပဏီများက မြန်မာနိုင်ငံမှာ လူ့အခွင့် အရေးကြောင့် လုံ့လစိုက်ထုတ်မှု ပျက်ကွက်နေပြီး သြစတြေးလျ အစိုးရမှ အရေးယူမှုမရှိသည့် အထောက်အထားများ တိုးပွားလာနေပါတယ်။ မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပေါ်နေသော ရက်စက်ကြမ်းကြုတ်မှုများကြောင့် သတ္တုတူးဖော်ခြင်းလုပ်ငန်းကို ပံ့ပိုးကူညီဆောင်ရွက်ပေးခြင်းဖြင့် သြစတြေးလျအစိုးရအား ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်နှင့် သြစတြေးလျစီးပွားရေးချိတ်ဆက်မှုများကို ပြန်လည်သုံးသပ်ရန် ကျွန်ုပ်တို့ အလေးအနက် တိုက်တွန်းအပ်ပါတယ်။”

Transparency International Australia ၏ CEO ဖြစ်သူ Clancy Moore က “မြန်မာနိုင်ငံက Transparency International ၏ Corruption Perceptions Index မှာ ရမှတ်အနေဖြင့် 23/100မှတ်သာရရှိထားပြီး သြစတြေးလျနှင့် ချိတ်ဆက်ထားသော သတ္တုတူးဖော်ရေးကုမ္ပဏီများအတွက် အလွန်အန္တရာယ်များသော နေရာတစ်ခုဖြစ်ပါတယ်။ အာဏာသိမ်းပြီးကတည်းက သြစတြေးလျအစိုးရက လူပုဂ္ဂိုလ် ၁၆ ဦးနှင့် စစ်တပ်နှင့် ဆက်နွှယ်နေသည့် စီးပွားရေးအဖွဲ့အစည်း ၂ ခုကိုသာ ပိတ်ဆို့အရေးယူထားပြီး အမေရိကန်၊ ယူကေ၊ အီးယူနှင့် ကနေဒါတို့က လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၃၉၀ တို့ကို ပိတ်ဆို့အရေးယူမှုများ  ပြုလုပ်ထားပြီးဖြစ်ပါတယ်။”

မီဒီယာများ၏မေးမြန်းမှုများအတွက် အောက်ပါပေးထားသော အီးမေးလ်လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Media Contact:

Tasneem Roc

Myanmar Campaign Network troc@apheda.org.au

+61 2 8203 6044

Leave a Reply

Your email address will not be published. Required fields are marked *

About MCN

The Myanmar Campaign Network (MCN) is an Australian national coalition formed following the 2021 coup in Myanmar, comprising human rights organisations, international aid NGOs, Myanmar diaspora organisations, trade unions and faith-based organisations.

This project is under the auspices of Union Aid Abroad-APHEDA.

Follow

Recent Posts