Pro-democracy Groups Applaud Australian Visa Ban on Shan United Over Human Rights Concerns, Call for More Sanctions

Burmese translation below မြန်မာဘာသာပြန်ဆိုချက်ကို အောက်တွင်ဖတ်ရှုနိုင်ပါသည်။

Press Statement

Pro-democracy Groups Applaud Australian Visa Ban on Shan United Over Human Rights Concerns, Call for More Sanctions

[Sydney, 1 December 2023] – Myanmar Campaign Network (MCN), Justice For Myanmar (JFM), the Australian Coalition for Democracy in Burma (ACDB), and Global Myanmar Spring Revolution (GMSR) commend the decision by the Australian Government to deny visas to the Myanmar football club Shan United. The decision comes after a strong push from the organisations, which cited grave concerns over the club’s associations with individuals and entities connected to the Myanmar military and human rights violations.

This action prompted Australia to bar Shan United’s entry for their Asian Football Confederation (AFC) Cup match against Sydney team the Macarthur Bulls, initially slated for November 30 in Australia, leading to the match’s relocation to a venue in Bangkok.

MCN, JFM, ACDB, and GMSR urged Australian ministers to deny visas to Shan United players and officials, raising concerns about the club’s owner, Wa Minn Group of Companies, and its sponsor, Kanbawza Group of Companies (KBZ Group). 

Myanmar Investment Commission data released by Distributed Denial of Secrets shows Wa Minn Group of Companies and its owner, Kun Naung Myint Wai, hold permits for two property development projects in partnership with the Myanmar military: one with Myanmar Economic Corporation (MEC), a military conglomerate sanctioned by Australia, and one with the Office of the Quartermaster General of the Myanmar Army, which has been sanctioned by the US, UK, EU, and Canada.

KBZ Group is a crony conglomerate that donated a total of US$4.7 million to the Myanmar military and the Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine State (UEHRD) during the Rohingya genocide, according to the UN Independent International Fact-Finding Mission on Myanmar. The Fact-Finding Mission recommended a criminal investigation against officials of KBZ Group as a result of the donations, stating that they made ‘a substantial and direct contribution to the commission of the crime against humanity of “other inhumane acts”’. 

MCN and JFM have pressed for sanctions against these companies and related individuals.

Myanmar Campaign Network Campaign Manager Tasneem Roc, said, “Australia’s denial of visas sends a powerful message that those implicated in human rights violations will not be granted a platform or support. Further sanctions action is needed to show support for the pro-democracy movement in Myanmar.”

Justice For Myanmar spokesperson Yadanar Maung said, “Australia’s denial of visas to Shan United is welcome but more needs to be done. Australia should urgently impose more targeted sanctions against the illegal junta’s sources of funds, arms, equipment and jet fuel, and catch up with the sanctions already imposed by its allies.”

Australian Coalition for Democracy in Burma spokesperson Peter Murphy said, “While we welcome Australia’s decision to ban visas for Shan United players and officials, Football Australia and ultimately FIFA bear a crucial responsibility to uphold human rights within international football. States, entities or individuals found guilty of human rights abuses should be banned.”

Global Myanmar Spring Revolution Spokesperson Mon Zin said, “This visa ban marks progress towards justice, but it stirs mixed emotions for us, the youth. We long for a Myanmar free from the junta’s oppression, with opportunities for all. We imagined celebrating our soccer stars in Sydney, a moment of pride. However until the world opposes the junta’s cruelty, our hopes remain unfulfilled. Let this ban resound as a call for justice, fuelling our unwavering struggle for a liberated Myanmar!” 

For media inquiries, please contact:

Tasneem Roc, Campaign Manager, Myanmar Campaign Network: troc@apheda.org.au, +61 2 8203 6044 

Yadanar Maung, Spokesperson, Justice For Myanmar: partners@justiceformyanmar.org

Peter Murphy, Spokesperson, Australian Coalition for Democracy in Burma: peter_murphy1_au@bigpond.com

Mon Zin, Spokesperson, Global Myanmar Spring Revolution: GMSRMyanmar@gmail.com

သတင်းထုတ်ပြန်ချက်

လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ရှမ်းယူနိုက်တက် ဘောလုံးအသင်းအား သြစတြေးလျ၏ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်လိုက်မှုအပေါ်  ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားနေသောအဖွဲ့ များမှ ချီးကျူးကြပြီး ပိတ်ဆို့မှုများ ထပ်မံပြုလုပ်ရန် တောင်းဆို

[Sydney၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ရက်နေ့] – Myanmar Campaign Network (MCN)၊ Justice For Myanmar (JFM)၊ Australian Coalition for Democracy in Burma (ACDB) နှင့် Global Myanmar Spring Revolution ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးအဖွဲ့ (GMSR) တို့သည် သြစတြေးလျအစိုးရ၏ မြန်မာဘောလုံးအသင်းဖြစ်သော ရှမ်းယူနိုက်တက်အသင်းထံ ဗီဇာငြင်းပယ်ခြင်းဆိုင်ရာ ဆုံးဖြတ်ချက်အပေါ် ချီးမွမ်းပါသည်။ မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆက်နွယ်နေသော ကလပ်အသင်းအဖွဲ့များနှင့် ဆက်စပ်သောလူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းများအပေါ်  အကြီးအကျယ် စိုးရိမ်ပူပန်မှုများကို ကိုးကားပြီး ဒီမိုကရေအရေးတက်ကြွလှုပ်ရှားနေသော အဖွဲ့အစည်းများမှ ပြင်းပြင်းထန်ထန် တွန်းအားပေးခဲ့ပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်ပါသည်။

ယင်းတိုက်တွန်းချက်များကြောင့် နိုဝင်ဘာလ (၃၀) ရက်နေ့၌ ဩစတြေးလျတွင် ကျင်းပရန် စီစဉ်ထားသည့်  ရှမ်းယူနိုက်တက်အသင်းမှာ ၎င်းတို့၏ အာရှဘောလုံးအဖွဲ့ချုပ် (AFC) ဖလားပြိုင်ပွဲအတွက် ဆစ်ဒနီအသင်းဖြစ်သည့် Macarthur Bulls နှင့် ယှဉ်ပြိုင်ကစားမည့် ပြိုင်ပွဲကို သြစတြေးလျ၏ ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့မှုကြောင့် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ပြောင်းရွှေ့ကျင်းပလိုက်ရခြင်းဖြစ်သည်။

MCN၊ JFM၊ ACDB နှင့် GMSR တို့သည် ရှမ်းယူနိုက်တက်အသင်းမှ ကစားသမားများနှင့် တာဝန်ရှိသူများဖြစ်သော ကလပ်ပိုင်ရှင် Wa Minn Group of Companies နှင့် ၎င်း၏စပွန်ဆာ Kanbawza Group of Companies (KBZ Group) တို့အပေါ် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ဗီဇာငြင်းပယ်ရန် သြစတြေးလျဝန်ကြီးများအား တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

‘ဝမင်း’ ကုမ္ပဏီအုပ်စုနှင့် ပိုင်ရှင် ခွန်နောင်မြင့်ဝေသည် မြန်မာ့စစ်တပ်နှင့် ပူးပေါင်းပြီး အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှစ်ခုအတွက် ပါမစ်များ ကိုင်ဆောင်ထားသည်။ အဆိုပါစီးပွားရေးလုပ်ငန်းများမှာ သြစတြေးလျမှ ဒဏ်ခတ်ပိတ်ဆို့ထားသော လုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် အမေရိကန်၊ ယူကေ၊ အီးယူနှင့် ကနေဒါတို့က ဒဏ်ခတ်ပိတ်ဆို့ထားသည့် မြန်မာ့တပ်မတော် စစ်ထောက်ချုပ်ရုံးနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှ ပေါက်ကြားလာသည့် အချက်အလက်များအရသိရှိရပါသည်။

ကမ္ဘောဇအုပ်စုသည် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုအတွက် မြန်မာစစ်တပ်နှင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (UEHRD) သို့ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ သန်း လှူဒါန်းခဲ့သည့် ခရိုနီလုပ်ငန်းစုတစ်ခုဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ အချက်အလက်စုဆောင်းရေးအဖွဲ့  UN Independent International Fact-Finding Mission on Myanmar  မှ ဖော်ထုတ်ခဲ့ပါသည်။ အချက်အလက်ရှာဖွေရေးမစ်ရှင်သည် လှူဒါန်းမှုများကြောင့် ကမ္ဘောဇအုပ်စု၏ တာဝန်ရှိသူများအပေါ် ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အကြံပြုထားပြီး ၎င်းတို့သည် လူသားမျိုးနွယ်အပေါ် “အခြားလူမဆန်သောလုပ်ရပ်များ” ကြီးမားသည့် ရာဇ၀တ်မှုများကျူးလွန်ရာတွင် တိုက်ရိုက်ပါဝင်ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

MCN နှင့် JFM တို့သည် အဆိုပါကုမ္ပဏီများနှင့် ဆက်စပ်သော လူပုဂ္ဂိုလ်များအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် ဖိအားပေးခဲ့သည်။

Myanmar Campaign Network ၏ Campaign Manager ဖြစ်သော Tasneem Roc က “သြစတေးလျရဲ့ ဗီဇာ ငြင်းပယ်မှုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်သူတွေအတွက် နေရာ ပလက်ဖောင်း ဒါမှမဟုတ် ပံ့ပိုးမှုတွေမရှိဘူးဆိုတာကို အားကောင်းတဲ့ သတင်းစကားပေးပို့လိုက်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံကြောင်း ပြသဖို့ ပိတ်ဆို့အရေးယူမှုတွေ ထပ်မံပြုလုပ်ပေးဖို့ လိုအပ်နေပါတယ်။”

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က “ရှမ်းယူနိုက်တက်ကို သြစတြေးလျက ဗီဇာ ငြင်းပယ်တာကို ကြိုဆိုပါတယ်၊ ဒါပေမယ့် ပိုပြီးတော့ လုပ်ရမှာပေါ့။ ဩစတြေးလျဟာ တရားမဝင်စစ်တပ်ရဲ့ ရန်ပုံငွေတွေ၊ လက်နက်တွေ၊ စက်ကိရိယာတွေနှင့် လေယာဉ်လောင်စာဆီ အရင်းအမြစ်တွေကို နောက်ထပ်ပိတ်ဆို့အရေးယူမှုတွေ အမြန်ဆုံး ချမှတ်သင့်ပြီး ၎င်းရဲ့ မဟာမိတ်တွေက ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေနှင့်အတူ အမီလိုက်သင့် ဆောင်ရွက်သင့်ပါတယ်။”

Australian Coalition for Democracy in Burma (ACDB)၏ ပြောရေးဆိုခွင့်ရှိသူ Peter Murphy က “ရှမ်းယူနိုက်တက် ကစားသမားတွေနဲ့ တာဝန်ရှိသူတွေကို ဗီဇာပိတ်ပင်ဖို့ သြစတြေးလျရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပေမယ့် Football Australia နဲ့ FIFA က နိုင်ငံတကာ ဘောလုံးလောကအတွင်း လူ့အခွင့်အရေးကို ထိန်းသိမ်းဖို့ အရေးကြီးတဲ့ တာဝန်ရှိပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အပြစ်ရှိကြောင်း တွေ့ရှိရတဲ့ ပြည်နယ်တွေ၊ အဖွဲ့အစည်းတွေ ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကို ပိတ်ပင်သင့်ပါတယ်။”

Global Myanmar Spring Revolution ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးအဖွဲ့  (GMSR)၏ ပြောရေးဆိုခွင့်ရှိသူ မမွန်ဇင်က “ဒီဗီဇာ ပိတ်ပင်မှုက တရားမျှတမှုဆီ ဦးတည်တဲ့ တိုးတက်မှုကို အသိအမှတ်ပြုပေမယ့် လူငယ်တွေအတွက် ရောထွေးတဲ့ စိတ်ခံစားမှုတွေကိုပါ လှုံ့ဆော်ပေးပါတယ်။ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုကနေ လွတ်မြောက်ပြီး အားလုံးအတွက် အခွင့်အလမ်းတွေနဲ့ မြန်မာနိုင်ငံကို လိုလားပါတယ်။ ဂုဏ်ယူစရာအခိုက်အတန့်ဖြစ်တဲ့ Sydney မှာ ဘောလုံးကြယ်ပွင့်တွေကို ဂုဏ်ပြုဖို့ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကမ္ဘာက မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်သည့်တိုင်အောင် ကျွန်မတို့ရဲ့ မျှော်လင့်ချက်တွေ မပြည့်မီသေးပါဘူး။ ဒီပိတ်ပင်မှုဟာ တရားမျှတမှုအတွက် တောင်းဆိုချက်အဖြစ် ကြွေးကြော်ပြီး မြန်မာနိုင်ငံလွတ်မြောက်ဖို့အတွက်  မယိမ်းယိုင်တဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို လှုံ့ဆော်ပေးခဲ့ပါတယ်။”

မီဒီယာများ၏မေးမြန်းမှုများအတွက် အောက်ပါ အီးမေးလ်လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ 

Tasneem Roc, Campaign Manager, Myanmar Campaign Network: troc@apheda.org.au, +61 2 8203 6044 

Yadanar Maung, Spokesperson, Justice For Myanmar: partners@justiceformyanmar.org

Peter Murphy, Spokesperson, Australian Coalition for Democracy in Burma: peter_murphy1_au@bigpond.com

Mon Zin, Spokesperson, Global Myanmar Spring Revolution: GMSRMyanmar@gmail.com

Leave a Reply

Your email address will not be published. Required fields are marked *

About MCN

The Myanmar Campaign Network (MCN) is an Australian national coalition formed following the 2021 coup in Myanmar, comprising human rights organisations, international aid NGOs, Myanmar diaspora organisations, trade unions and faith-based organisations.

This project is under the auspices of Union Aid Abroad-APHEDA.

Follow

Recent Posts